ကွေ့ကျိုးပြည်နယ် တယ်ကျန်း-ယူချင့် အမြန်လမ်း ဝူကျန်းမြစ် စူပါတံတားကြီး ကုန်းပတ်တည်ဆောက်ရေးအဆင့်သို့ ရောက်ရှိ

(GMT+08:00)2023-02-14 15:41:53  

မကြာခင်ရက်များက တရုတ် ကွေ့ကျိုးပြည်နယ် တယ်ကျန်း-ယူချင့် အမြန်လမ်း ဝူကျန်းမြစ် စူပါတံတားကြီးသည် တံတားကုန်းပတ်တည်ဆောက်ရေးအဆင့်သို့ ရောက်ရှိလာပါသည်။ ဝူကျန်းမြစ် စူပါတံတားကြီးသည် ဇွန်ယိမြို့ ဖိန်ကန်ခရိုင်၊ ထွန်ယင်မြို့ စီနန်ခရိုင်နှင့် စီချမ်ခရိုင် တို့ရဲ့လမ်းဆုံမှာ တည်ရှိပြီး တံတားအရှည်အလျားမှာ စုစုပေါင်း ၁၈၃၄ မီတာ၊ ပင်မအလျားမှာ ၅၀၄ မီတာရှိကာ လက်ရှိ ကမ္ဘာ့ အကြီးဆုံး Span deck concrete filled steel tube arch တံတားဖြစ်ပါသည်။