တရုတ်နိုင်ငံသည် ဘေးဒုက္ခများကို လျင်မြန်စွာ ကျော်လွှားနိုင်ရန် တူရကီနှင့် ဆီးရီးယား ပြည်သူများအား တက်ကြွစွာ ပံ့ပိုးကူညီသွားမည်

(GMT+08:00)2023-02-14 13:55:58  

ယခုလ ၁၃ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တူရကီနှင့် ဆီးရီးယားနိုင်ငံတို့ အင်အားပြင်းထန်သော ငလျင်လှုပ်ခတ်မှု ဘေးဒုက္ခများ ကြုံရချိန်မှာ တရုတ်နိုင်ငံသည် နှစ်နိုင်ငံအား တက်ကြွစွာပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝင်ပင်းက ပြောကြားခဲ့ပါသည်။

ဝမ်းဝင်ပင်း၏အဆိုအရ ဖေဖော်ဝါရီလ ၁၁ရက်နေ့နှင့် ၁၂ရက်နေ့တွင် တရုတ်အစိုးရထံမှ သိုးမွေးစောင်နှင့် ရွက်ဖျင်တဲများ အပါအဝင် ကယ်ဆယ်ရေးပစ္စည်းများကို အသုတ်လိုက် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့သို့ ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် စားနပ်ရိက္ခာထောက်ပံ့ရေးအစီအစဉ်ကို လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း၊  ၄င်းအနက် ဆီးရီးယားနိုင်ငံသို့ ဂျုံတန်ချိန် ၂၂၀ တင်ပို့နေပြီး ဆန်နှင့် ဂျုံတန်ချိန်၃၀၀၀ကျော်ကို ယခုလအတွင်း အသုတ်လိုက် တင်ပို့သွားမည်ဟုပြောကြားခဲ့ပါသည်။