ဟာရီကိန်းကြောင့် လက်ရှိအချိန်တွင် ဒဏ်ရာရရှိသူဦးရေကို အတိအကျ ရေတွက်ရန် မဖြစ်နိုင်သေးကြောင်း နယူးဇီလန်ဝန်ကြီးချုပ် ပြောကြား

(GMT+08:00)2023-02-14 13:59:52  

ဖေဖေါ်ဝါရီလ ၁၄ရက်နေ့က Aucklandမြို့၌ နယူးဇီလန်ဝန်ကြီးချုပ် Chris Hipkins သည် ဟာရီကိန်း"Gabrielle"ကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်သူများနှင့် တွေ့ဆုံခဲ့ပါသည်။ Chris Hipkinsက နယူးဇီလန်တစ်နိုင်ငံလုံး၌ အရေးပေါ်အခြေအနေသို့ ရောက်ရှိပြီး ဒေသအရပ်ရပ်မှတုံ့ပြန်မှုဆောင်ရွက်ချက်များကို ပိုမိုကောင်းမွန်အောင် ပေါင်းစပ်ညှိနှိုင်းပြီး အရေးပေါ်လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းနိုင်ကာ ကယ်ဆယ်ရေးအရင်းအမြစ်များကို မှန်ကန်စွာခွဲဝေပေးမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဒဏ်ရာရရှိသူဦးရေကို အတိအကျ ရေတွက်ရန် မဖြစ်နိုင်သေးကြောင်း၊ လာမည့် ၂၄နာရီမှ ၄၈နာရီအတွင်း ပိုပြီးဂရုစိုက်ရမည်ဖြစ်ကြောင်း ပြောကြားပါသည်။