ယူကရိန်းအား "Leopard 2" တင့်ကားလေ့ကျင့်ရေး ပံ့ပိုးပေးမည်မဟုတ်ဟု ဩစတြီးယား ကာကွယ်ရေးဝန်ကြီး ဆို

(GMT+08:00)2023-02-14 14:01:15  

ဖေဖော်ဝါရီလ ၁၃ရက်နေ့က သြစတြီးယားကာကွယ်ရေးဝန်ကြီး Klaudia Tannerက သြစတြီးယားသည် ယူကရိန်းအား "Leopard 2" တင့်ကားလေ့ကျင့်ရေး ပံ့ပိုးပေးမည်မဟုတ်ကြောင်း သြစတြီးယားအများပြည်သူ့ အသံလွှင့်ဌာနမှ တွေ့ဆုံမေးမြန်းခန်းကို လက်ခံရာတွင် ပြောကြားခဲ့ပါသည်။

ယင်းမတိုင်ခင်က သြစတြီးယားက "Leopard 2" တင့်ကားများကို ယူကရိန်းအား ထောက်ပံ့ပေးမည်မဟုတ်ကြောင်း ဇန်နဝါရီလက ကြေညာခဲ့ပါသည်။