စန်းရှီးပြည်နယ်တွင် လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ က ရှေးဟောင်းနေရာများကို ရှာဖွေတွေ့ရှိ

(GMT+08:00)2023-02-14 15:42:38  

  ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် စန်းရှီးပြည်နယ် ရှေးဟောင်းပစ္စည်းများ သုတေသနပြုရေးဌာနက ၂၀၂၂ခုနှစ် ရှေးဟောင်းသုတေသနရှာဖွေတွေ့ရှိမှုကို ထုတ်ပြန်ခဲ့ပါသည်။ ဒေသန္တရရှေးဟောင်း သုတေသနပညာရှင်များသည် လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ ကျော်က စန်းရှီးပြည်နယ်၊ ယွန့်ချင်မြို့တွင် ကျောက်ခေတ်နှောင်းပိုင်းကျသောနေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ ယင်းနေရာသည် ဆားကန်နှင့် နီးကပ်စွာတည်ရှိနေသောကြောင့် ကြီးမားသောဆားလုပ်ငန်းဆိုင်ရာအရင်းအမြစ်များသည် ဖွဲ့စည်းတည်ဆောက်မှုများ၊ ဖွံ့ဖြိုးတိုးတက်များနှင့် သက်ဆိုင်မှုရှိကြောင်း၊ ယင်းရှေးဟောင်း သုတေသနရှာဖွေတွေ့ရှိမှုသည် ယဉ်ကျေးမှု၏ဇာစ်မြစ်နှင့် နိုင်ငံ၏အစောပိုင်းဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွင် အရင်းအမြစ်များ ထိန်းသိမ်းရေးနှင့် အသုံးပြုရေးကို စူးစမ်းလေ့လာရန်အတွက်  အလွန်တန်ဖိုးရှိကြောင်း သိရပါသည်။