တူရကီနှင့်ဆီးရီးယားတို့၌ ငလျင်ကယ်ဆယ်ရေး “ပြီးဆုံးတော့မည်”ဟု ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် ဆို

(GMT+08:00)2023-02-14 14:00:45  

ဖေဖေါ်ဝါရီလ ၁၃ရက်နေ့က ဆီးရီးယားနိုင်ငံမြောက်ပိုင်း Halabပြည်နယ်သို့ အလည်အပတ်ရောက်ရှိနေသော ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်၊ အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Martin Griffithsက တူရကီနှင့်ဆီးရီးယားတို့၌ မြေငလျင်ကယ်ဆယ်ရေးဆောင်ရွက်မှုများ “ပြီးဆုံးတော့မည်” ဖြစ်ကြောင်း၊ လောလောဆယ်တွင် နေရေး၊ စားရေး၊ ကျောင်းပညာရေး နှင့် စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်မှုများကိုမြှင့်တင်ပေးရန် အရေးပေါ်ဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု ရိုက်တာသတင်းဌာနမှ သတင်းအရ သိရပါတယ်။