ဖေဖော်ဝါရီလ၁၃ရက်နေ့တွင်တရုတ်နိုင်ငံကြက်ခြေနီအသင်းမှဆီးရီးယားဘေးသင့်ဒေသအားပေးအပ်သည့်လူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းများဒုတိယအသုတ်သည်ဆီးရီးယားနိုင်ငံမြို့တော်ဒမ်မတ်စကတ်သို့ရောက်ရှိခဲ့သည်ဟုChina Media Groupမှ သတင်းအရသိရပါသည်။
အဆိုပါထောက်ပံ့ရေးပစ္စည်းများတွင်ရွက်ဖျင်တဲများ၊အနွေးထည်များ၊ကယ်ဆယ်ရေးပစ္စည်းများအပါအဝင် နေ့စဉ်သုံးပစ္စည်းများနှင့် ဘေးဒဏ်သင့်ဒေသများအတွက်အလိုအပ်ဆုံးသောဆေးဝါးပစ္စည်းများပါဝင်သည်ဟု သတင်းရရှိပါသည်။