တူရကီ၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားသောကြောင့် ဂျာမဏီနှင့်သြစတြီးယားတို့ ကယ်ဆယ်ရေး ယာယီရပ်စဲ

(GMT+08:00)2023-02-13 15:24:29  

သြစတြီးယားစစ်ဖက်သည် တူရကီနိုင်ငံ၌ ငလျင်ဘေးကယ်ဆယ်ရေးဆောင်ရွက် ချက်ကို ယာယီရပ်စဲပြီးသည့်နောက်ပိုင်း “ISAR Germany”အမည်ဖြင့် ဂျာမဏီ သဘာဝ ဘေးအန္တရာယ်ကြုံရသူများကို ကူညီပေးရေး NGOအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဂျာမဏီပြည်ထောင်စု နည်းပညာ ကယ်ဆယ်ရေးဗျူရိုနှင့် ၎င်းအဖွဲ့တို့သည်လည်း ကယ်ဆယ်ရေးဆောင်ရွက်ချက်ကို ယာယီရပ်စဲရန် တူညီစွာဆုံးဖြတ်ခဲ့ကြောင်း  ပြင်သစ်သတင်းဌာနမှ ၁၁ရက်နေ့ထုတ်သတင်းအရ သိရပါသည်။

ISARအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဟိုင်ဥာဏ်က ပြီးခဲ့သည့် ၃နာရီ၊ ၄နာရီလောက်မှာ Hatayပြည်နယ်၏ လုံခြုံရေးအခြေအနေသည် ပြောင်းလဲသွားပြီဖြစ်ကြောင်း၊ မတူညီသော ဂိုဏ်းများအကြား အချင်းပွားမှုအစီရင်ခံစာများပိုမိုများပြားလာသည့်အပြင် သေနတ်ပစ်ခတ်မှုလည်း ဖြစ်ပွားခဲ့ကြောင်း၊ ဂျာမဏီကယ်ဆယ်ရေးအဖွဲ့များသည် အဆိုပါ ဖြစ်ပွားမှုများကြောင့် ဘုံစခန်း၌ ယာယီနေပြီး တူရကီအရပ်ဖက်ကာကွယ်ရေးအဖွဲ့က လုံခြုံမှုအပြည့်ရှိသည်ဟု ယူဆသောအချိန်တွင် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများကို ပြန်လည်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။