တူရကီနိုင်ငံငလျင်လှုပ်ခဲ့သည့်ဒေသတွင်စံမမီအဆောက်အအုံများအတွက်တာဝန်ရှိသူများအား ဖမ်းဆီး

(GMT+08:00)2023-02-13 15:23:09  

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ညတွင် တူရကီ တရားရေးဝန်ကြီးBozdagက တူရကီ ရှေ့နေရုံးမှ ငလျင်လှုပ်ခဲ့သည့်ဒေသတွင်းရှိ အရည်အသွေးနိမ့်ပြီးစံချိန်စံနှုန်းမမီသည့် အဆောက်အအုံများ ဆောက်လုပ်ခဲ့သော တာဝန်ရှိကန်ထရိုက်တာများနှင့် အင်ဂျင်နီယာများကို ဖမ်းဆီးရန် ဖမ်းဝရမ်းအမိန့် ၁၃၄ ခု ချမှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

တူရကီ NTV မှ သတင်းထုတ်ပြန်ချက်အရ လက်ရှိအချိန်တွင် တူရကီရဲတပ်ဖွဲ့သည် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ် အနည်းဆုံး ၁၂ဦးကို ဖမ်းဆီးခဲ့ပြီးဖြစ်ကြောင်းသိရပါသည်။

တူရကီနိုင်ငံ ဘေးအန္တရာယ်နှင့် အရေးပေါ်စီမံခန့်ခွဲရေးဌာနမှ ၁၂ ရက်နေ့က ထုတ်ပြန်သည့် နောက်ဆုံးစာရင်းအရ ယခုလ ၆ရက်နေ့တွင် တူရကီနိုင်ငံ တောင်ပိုင်းဒေသ၌ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့သောကြောင့် သေဆုံးသူဦးရေ ၃ သောင်းနီးပါးရှိပြီဖြစ်ကြောင်း သိရပါသည်။

ယခုအကြိမ် ငလျင်လှုပ်ခတ်မှုကြောင့် လူနေအဆောက်အအုံပေါင်း ၂ သောင်းကျော်ပြိုကျခဲ့ပြီး အဆောက်အအုံများ၏ အရည်အသွေးအပေါ် အလွှာပေါင်းစုံတို့က မယုံသင်္ကာမှုများ ပေါ်ထွက်လာခဲ့ပါသည်။