ယနေ့မှာကမ္ဘာ့ ဒစ်ဂျစ်တယ် ပညာရေးညီလာခံစတင်ကျင်းပ

(GMT+08:00)2023-02-13 15:28:06  

ကမ္ဘာ့ဒစ်ဂျစ်တယ်ပညာရေးညီလာခံကိုဖေဖော်ဝါရီလ၁၃ ရက်နေ့မှာဘေကျင်းတွင် စတင် ကျင်းပခဲ့ပါသည်။ ယခုအကြိမ် အစည်းအဝေးသည် "ဒစ်ဂျစ်တယ် ပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ်ပညာရေး"ဆောင်ပုဒ် ဖြစ်ပြီး ၂ ရက်ကြာကျင်းပမည်ဖြစ်ကာ အွန်လိုင်းနှင့် အော့ဖ်လိုင်းနှစ်မျိုးကျင်းပမည်ဖြစ်ကြောင်း၊ နိုင်ငံနှင့် ဒေသ ၁၃၀ ကျော်မှ ကိုယ်စားလှယ်များသည် မှတ်ပုံတင်ပြီး အစည်းအဝေးသို့ တက်ရောက် ကြကြောင်း၊ နိုင်ငံ နှင့် နိုင်ငံတကာ အဖွဲ့အစည်း ၅၀ ခန့်မှ သံတမန်များနှင့် ကိုယ်စားလှယ်များ၊ နာမည်ကျော် တက္ကသိုလ်များမှ ကျောင်းအုပ်ကြီးများလည်းအစည်းအဝေးသို့ တက်ရောက်ကြောင်း သတင်းအရသိရပါသည်။