စင်ကာပူ၏ စီးပွားရေးတိုးတက်မှုနှုန်း ယခုနှစ်တွင် ယမန်နှစ်ကထက် နှေးကွေးသွားမည်ဟု ခန့်မှန်းရ

(GMT+08:00)2023-02-13 15:29:23  

စင်ကာပူကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ် စတုတ္ထသုံးလပတ်နှင့် တစ်နှစ်ပတ်လုံး စီးပွားရေးစစ်တမ်းအစီရင်ခံစာကို ယခုလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ ပါသည်။ ထိုအစီရင်ခံစာအရ ယမန်နှစ် စတုတ္ထသုံးလပတ်တွင် စင်ကာပူ၏ စီးပွားရေးသည် ၂၀၂၁ ခုနှစ် အလားတူအချိန်ပိုင်းကထက် ၂.၁ ရာခိုင်နှုန်း တိုးလာပြီး၊ တစ်နှစ်ပတ်လုံး စီးပွားရေးသည် ၃.၆ ရာခိုင်နှုန်းတိုးလာခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် စင်္ကာပူ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် တစ်ဆင့် နှေးကွေးသွားမည်ဖြစ်ပြီး၊ ၀.၅  မှ ၂.၅ ရာခိုင်နှုန်း အထိရှိမည်ဟု ကုန်သွယ်ရေးနှင့် စက်မှု လုပ်ငန်း ဝန်ကြီးဌာနမှ ခန့်မှန်းချက် သတင်းအရသိရပါသည်။

ထို့အပြင် နိုင်ငံတကာ ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာခြင်းကြောင့် လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းအားကောင်းစွာ တိုးတက်လာပြီး၊ သယ်ယူ ပို့ဆောင်ရေးနှင့် ကုန်လှောင်မှုလုပ်ငန်းများလည်း ၂၀၂၁ ခုနှစ် အလားတူအချိန်ပိုင်း ကထက် ၂.၅ ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု သတင်းအရသိရပါသည်။