တရုတ်ကယ်ဆယ်ရေးအဖွဲ့ တူရကီတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်

(GMT+08:00)2023-02-12 14:21:10  

ဖေဖော်ဝါရီလ ၁၀ရက်နေ့ နံနက်ပိုင်းက တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် တူရကီနိုင်ငံ Antakya မြို့ Inonu ရပ်ကွက်ရှိ အဆောက်အအုံများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်သည့်အပြင် ကုလသမဂ္ဂမှအဖွဲ့အစည်းများနှင့် အခြားကယ်ဆယ်ရေး အဖွဲ့များကြား ဆက်သွယ်မှုကိုလည်း တိုးမြှင့်ဆောင်ရွက်ခဲ့ပါသည်။ ကုလသမဂ္ဂ၏ တောင်းဆိုချက်နှင့် နိုင်ငံတကာကယ်ဆယ်ရေး ညှိနှိုင်းရေးနှင့် ဆက်သွယ်ရေး စံနှုန်းများအတိုင်း တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် Vodabas နှင့် Akviller ရပ်ကွက်များတွင် ကယ်ဆယ်ရေးဧရိယာ ဦးစားပေးအကဲဖြတ်လုပ်ငန်းကို လုပ်ဆောင် ပြီး ၄င်းကယ်ဆယ်ရေးဧရိယာတွင် သက်ရှိများရှိမရှိကို ရှာဖွေခဲ့ပါသည်။

ဖေဖော်ဝါရီလ ၉ရက်နေ့က တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် အဖွဲ့ဝင် ၄၈ဦးကို စေလွှတ်ပြီး Inonu ရပ်ကွက်မှ အသက်ရှင်ကျန်ရစ်သူ ၃ဦးကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့သည့်အပြင် ရှာဖွေမှုနှင့် အကဲဖြတ်မှုလုပ်ငန်းများကိုလည်း ဆက်လက် လုပ်ဆောင်ခဲ့ပါသည်။