ဟိုင်ခို၏ ရာစုနှစ် သက်တမ်းရှိ "မြွေတံတား" စမ်းရေပေါ်မှာ တွေ့မြင်ရ

(GMT+08:00)2023-02-12 14:20:41  

ကိုဇန်ကျေးရွာ ကျောက်တံတားသည် တရုတ်ပြည် ဟိုင်ခိုမြို့ ချွန်ရှန်းရပ်ကွက်တွင် တည်ရှိပြီး နှစ်ပေါင်း၅၀၀ကျော်သမိုင်းကြောင်းရှိပါသည်။ မြွေပုံသဏ္ဍာန် ကွေးညွတ်နေသောကြောင့် ဒေသခံများက "မြွေတံတား" ဟုခေါ်ဝေါ်ကြပါသည်။ အကွေ့အကောက်များသော ကျောက်တံတားသည် ရေတက်လာသောအခါမျိုးတွင် မြင်ကွင်းမှပျောက်ကွယ်သွားကာ ရေပြန်ကျသွားသောအခါတွင် ပေါ်လာပါသည်။၎င်းသည် နှစ်စဉ်နှစ်တိုင်း နွေဦးပေါက်မှ နွေဦးဆန်းအထိ ရေမှာပေါ်နေပုံကိုတွေ့ရပါသည်။