ကန်သည် တရားမဝင် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုနှင့် “လက်တံရှည် စီမံ အုပ်ချုပ်မှု”ကို ရပ်တန့်သင့်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2023-02-12 14:21:34  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ မော်နင်က လွန်ခဲ့သည့် နှစ်များတွင် အမေရိကန်နိုင်ငံသည် “လက်တံရှည် စီမံအုပ်ချုပ်မှု”ကို အလွဲသုံးစား ခဲ့ကြောင်း၊ နိုင်ငံများ၏ အချုပ်အခြာအာဏာ တန်းတူညီမျှမှုကို ထိခိုက်ပြီး ကုလသမဂ္ဂကို အမြုတေအဖြစ်ထားသော ဘက်ပေါင်းစုံဝါဒ နိုင်ငံတကာစည်းစနစ်နှင့် ပုံမှန်နိုင်ငံတကာကုန်သွယ်ရေးစနစ်ကို ထိခိုက်၍ နိုင်ငံအသီးသီးမှ လုပ်ငန်းကုမ္ပဏီများ၏ အကျိုးစီးပွားကို များစွာထိခိုက်စေခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၏ “လက်တံရှည် စီမံအုပ်ချုပ်မှု”မှာ အခြားနိုင်ငံများ၏ အဖွဲ့အစည်း၊ ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များအပေါ် “ပိုင်နက် နယ်မြေအပြင် စီမံအုပ်ချုပ်မှု”ကို အလွဲသုံးစားသည့် ရိုင်းစိုင်းသော တရားစီရင်ရေး ဖော်ဆောင်မှုပင် ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် တရားမဝင် တစ်ဖက်သတ် ပိတ်ဆို့ အရေးယူမှုနှင့် “လက်တံရှည် စီမံ အုပ်ချုပ်မှု”ကို ရပ်တန့်သင့်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအဖြစ် နိုင်ငံတကာတာဝန်များကို ထိရောက် စွာ ထမ်းဆောင်သင့်ကြောင်း ဖေဖော်ဝါရီလ ၁၀ရက်နေ့က ပြောကြားခဲ့ပါသည်။