ငလျင်လှုပ်ခတ်မှုကြောင့် တူရကီရှိ သမိုင်းသက်တမ်း ၂ထောင်ခန့်ရှိသော ရှေးဟောင်းရဲတိုက် ပျက်စီး

(GMT+08:00)2023-02-12 14:22:35  

ဒေသခံ မီဒီယာ၏ သတင်းထုတ်ပြန်ချက်အရ တူရကီ အရှေ့တောင်ပိုင်း Gaziantepပြည်နယ်ရှိ Gaziantepရှေးဟောင်းရဲတိုက်သည် ယခုလ ၆ရက်နေ့က ဖြစ်ပွားခဲ့သော ငလျင်လှုပ်ခတ်မှုတွင် ဆိုးရွားစွာ ပျက်စီးခဲ့ကြောင်း၊ ရဲတိုက်၏  ရှေ့ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့သည် ငလျင်တွင်ပျက်စီး ပြီး အဆောက်အအုံ အပြိုအပျက်များသည် ရဲတိုက်တည်ရှိရာ တောင်စောင်းအောက်ခြေရှိ လမ်းပေါ်သို့ ပြိုကျသွားခဲ့ကြောင်း သိရပါသည်။

    ရှေးဟောင်းသုတေသနပြုမှု အရ Gaziantepရှေးဟောင်းရဲတိုက်သည် အေဒီ ၂ရာစုနှစ်မှ ၃ရာစုနှစ် အထိ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အစပိုင်းက မျှော်စင် အဖြစ် အသုံးပြုပြီး နောက်ပိုင်းတွင် ကြိမ်ဖန်များစွာ တိုးချဲ့တည်ဆောက်ခဲ့ကြောင်း သိရပါသည်။ Gaziantepရှေးဟောင်းရဲတိုက်သည် တူရကီ ရဲတိုက် အဆောက်အအုံများတွင် စံနမူနာ တစ်ခု ဖြစ်သည်ဟု အများက ယူဆကြပြီး တူရကီတွင် နာမည်ကျော်ကြားသည့် သမိုင်းနှင့် ယဉ်ကျေးမှု အမွေအနှစ်အဖြစ့် ရေပန်းစားသည့် ခရီးသွား နေရာလည်း ဖြစ်ပါသည်။