ဆီးရီးယား၏ လူသားချင်းစာနာထောက်ထားမှု အခြေအနေသည် အလွန်ကြီးမားသော စိန်ခေါ်မှုကို ရင်ဆိုင်နေရသည်ဟု နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ အဖွဲ့၏ ဥက္ကဋ္ဌဆို

(GMT+08:00)2023-02-12 14:21:59  

နိုင်ငံတကာ ကြက်ခြေနီကော်မတီအဖွဲ့(International Committee of the Red Cross) ဥက္ကဋ္ဌ Mirjana Spoljaricက ယခုလ ၁၀ရက်နေ့က တယ်လီဖုန်းဖြင့် ဆင်ဟွာ သတင်းဌာနမှ အင်တာဗျူးကို လက်ခံ ဖြေကြားရာတွင် တူရကီ တောင်ပိုင်းရှိ ဆီးရီးယားနှင့် နယ်နိမိတ်ချင်း ဆက်စပ်သည့် ဒေသတွင် ယခုလ ၆ရက်နေ့က အင်အားပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နိုင်ငံတကာကြက်ခြေနီ ကော်မတီအဖွဲ့သည် ဆီးရီးယား ဘေးသင့်ဒေသသို့ အရေးပေါ် ထောက်ပံ့မှုများကို ပေးအပ်ခဲ့ပြီ ဖြစ်သော်လည်း ဒေသခံ လူသားချင်းစာနာထောက်ထားမှု အခြေအနေသည် အလွန်ကြီးမားသော စိန်ခေါ်မှုကို ရင်ဆိုင်နေရသေးကြောင်း ပြောကြားခဲ့ပါသည်။

Mirjana Spoljaricက စစ်ပွဲ အချိန်ကာလတွင် ဒေသခံ အရပ်ဘက် အခြေခံ အဆောက်အအုံများ သည် အတိုင်းအတာ ကြီးမားစွာ ပျက်စီးခဲ့ကြောင်း၊ ငလျင်လှုပ်ခတ်မှုကြောင့် ပြန်လည်တည်ဆောက် ထားသော အိုးအိမ်များစွာ ပြိုကျခဲ့ကြောင်း၊ ဒေသခံ ပြည်သူများသည် အနွေးဓါတ်ပေး ပစ္စည်း ကိရိယာ၊ အစားအစာနှင့် သောက်သုံးရေစသည်များ၊ အထူးသဖြင့် ဆေးဝါးကုသမှုကို လိုအပ်ကြောင်း အလေးထား ပြောကြားခဲ့ပါသည်။

ထို့အပြင်၊ ၄င်းက လက်ရှိတွင် နိုင်ငံတကာ ကြက်ခြေနီ ကော်မတီအဖွဲ့သည် ငလျင်ဘေးသင့်သူ အားလုံးကို ကူညီထောက်ပံ့ရန် အတွက် နည်းလမ်းများ လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။