အရေးကြုံလျှင် သွေးနီးကြ

(GMT+08:00)2023-02-11 15:54:58  

     ဒေသစံတော်ချိန် ယခုလ ၆ ရက်နေ့က ဆီးရီးယားနိုင်ငံ နယ်စပ်အနီး တူရကီနိုင်ငံ တောင်ပိုင်းဒေသတွင် အင်အားပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့ရာ လူများသေဆုံး ထိခိုက်ဒဏ်ရာရရှိမှု နှင့် ပစ္စည်းဥစ္စာဆုံးရှုံးမှုအမြောက်အများဖြစ်စေခဲ့ပါသည်။ အရေးကိစ္စပေါ်လျှင် နိုင်ငံအသီးသီးမှ ဝိုင်းဝန်းကူညီခဲ့ကြပါသည်။ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်းတွင် နိုင်ငံတကာအသိုက်အဝန်းသည် တူရကီနှင့် ဆီးရီးယားတို့အား ဆက်လက်ကူညီပံ့ပိုး ပေးလျက်ရှိပြီး နိုင်ငံအများအပြားသည် ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ကာ အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြသည်ဟု သတင်းအရသိရပါသည်။