ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟုန်ဆင် CMG “LEADERS TALK”မှ သီးသန့်အင်တာဗျူးကို လက်ခံဖြေကြား

(GMT+08:00)2023-02-11 15:51:01  

    ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟုန်ဆင်သည် ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်ပွားသည့် အချိန်ကာလတွင် တရုတ်ပြည်သို့ ပထမဆုံး လာရောက် လည်ပတ်သော နိုင်ငံခြား ထိပ်သီးခေါင်းဆောင် ဖြစ်ပြီး ယခုနှစ် နွေဦးပွဲတော် အပြီးတွင် တရုတ်ပြည်မှ လက်ခံတွေ့ဆုံသော ပထမဆုံး နိုင်ငံခြား ထိပ်သီးခေါင်းဆောင်  လည်း ဖြစ်ပါသည်။ ၄င်းသည် ကမ္ဘောဒီးယား နိုင်ငံကို ဦးဆောင်ပြီး ကွဲပြားမှုနှင့် ဆင်းရဲနွမ်းပါးမှုမှ ရုန်းထွက်ပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို စွဲကိုင်ကာ ပထဝီဝင် ကြိုးကိုင်ဆောင်ရွက်မှုကို ဆန့်ကျင်ပါသည်။ ၄င်းသည် တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုကြောင့် ဒေသတွင်း အတူတကွ တိုးတက်မှုကို တွန်းအားပေးသည့် အတွက် ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့ပါသည်။ တရုတ် ခရီးစဉ် မရောက်ခင် ဟုန်ဆင်သည် China Media Group “LEADERS TALK”အစီအစဉ်မှ သီးသန့်အင်တာဗျူးကို လက်ခံဖြေကြားခဲ့ပါသည်။