တာ့လျောင်းတောင်မှ အနှေးရထား အဆင့်မြှင့်တင် “ပြန်လည်ပြင်ဆင်”ပြီး ကျောင်းဖွင့်ချိန်ကိုကြိုဆို

(GMT+08:00)2023-02-11 15:59:20  

ဆယ်စုနှစ်ပေါင်းများစွာ ပြေးဆွဲပြီးဖြစ်သော အနှေးရထားတစ်စင်းသည် ရထားလမ်း တစ်လျှောက်ရှိ တောတောင်ထဲမှကျောင်းသူကျောင်းသားများအတွက် “ကျောင်းကား” ဖြစ်ပါသည်။ ယခုအကြိမ် အဆင့်မြှင့်တင်မှုတွင် အနှေးရထား၏ အမှတ်(၃)ရထားတွဲကို “စာကျက်ရထားတွဲ”အဖြစ် ပြောင်းလဲပြီး ကျောင်းသူကျောင်းသားများ စာကျက်ခြင်း နှင့် စာအုပ်များသိမ်းဆည်းရန်အတွက် စားပွဲများနှင့်ကုလားထိုင်များ တပ်ဆင်ထားပါသည်။

ဤရထားသည် တာ့လျောင်းတောင်လမ်းတစ်လျှောက်ရှိ ခရိုင်နှင့်မြိုနယ်များကြား ပြေးဆွဲပါသည်။ ရထားလက်မှတ်ဖိုးသက်သာသလို ဘူတာတိုင်းမှာလည်း ရပ်နားပါသည်။ ရထားစီးရသည်မှာအဆင်ပြေသဖြင့် လမ်းတစ်လျှောက်ရှိပြည်သူများ နှစ်သက်သဘောကျသောရထားဖြစ်ပါသည်။