တရုတ်ခရီးသည်များ အဖွဲ့လိုက် ထပ်မံခရီးထွက်

(GMT+08:00)2023-02-11 15:53:03  

ဖေဖော်ဝါရီလ ၆ ရက်နေ့မှစ၍ တရုတ်နိုင်ငံသည် ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အာရပ်စော်ဘွားနိုင်ငံများနှင့် ဆွစ်ဇာလန်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၀ သို့ အဖွဲ့လိုက် ခရီးထွက်ခြင်းများ ပြန်လည်စတင်နေပါပြီ။ တရုတ်ခရီးသည်များသည် ကမ္ဘာ့ခရီးသွား လုပ်ငန်း ပြန်လည်ဦးမော့လာစေရန် အရှိန်အဟုန်ဖြင့် တွန်းအားပေးမည်ဖြစ်ပါသည်။