တောင်အာဖရိကတွင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဒေသခံတွေ မီးအလင်းရောင် ရရှိအောင် ရေဘူးများအား အသုံးပြုကြ

(GMT+08:00)2023-02-11 15:57:43  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၆ ရက်နေ့က တောင်အာဖရိကနိုင်ငံ Gauteng ပြည်နယ်မှ ဒေသခံတစ်ဦးသည် သူမ၏ တဲအတွင်း မီးအလင်းရောင်ရရှိဖို့အတွက် ကိရိယာ အသစ်တစ်ခု တပ်ဆင်ထားပါသည်။ ယင်း ကိရိယာသည် အမိုးပေါ်တပ်ဆင်ထားသော ပလပ်စတစ်ပုလင်းများမှ နေရောင်ခြည်ဖြင့် အလင်းရောင်ရရှိစေတာဖြစ်ပါသည်။ တောင်အာဖရိကနိုင်ငံတွင်  လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြီးမားသည့်အတွက် တစ်နိုင်ငံလုံး၏ စီးပွားရေးကို ထိခိုက်စေခဲ့ပါသည်။