ရှုထောင့်ပေါင်းစုံမှ “တံတားပြတိုက်”၏အလှကို ခံစား

(GMT+08:00)2023-02-11 15:56:56  

    တရုတ်ပြည် တစ်ပြည်လုံး၌ တစ်ခုတည်းသော မြေပြန့်မရှိသည့် ပြည်နယ်ဖြစ်သည့် ကွေ့ကျိုးပြည်နယ်တွင် ကားလမ်း ကီလိုမီတာ ၂သိန်းကျော်ကို ဖောက်လုပ်ခဲ့ပြီးဖြစ်ပါသည်။ မြန်နှုန်းမြင့်ကားလမ်း ကီလိုမီတာ ၈ထောင်ကျော် လည်ပတ်နေသလို ဖောက်လုပ်ပြီး နှင့် ဖောက်လုပ်နေသော တံတား ၃သောင်းနီးပါးရှိပါသည်။ ကမ္ဘာ့အမြင့်ဆုံးတံတား ၁၀၀ထဲတွင် တစ်ဝက်နီးပါးသည် ကွေ့ကျိုးပြည်နယ်၌ တည်ရှိကြပြီး တံတားအမျိုးအစား အစုံအလင် ပါဝင်ပါသည်။ ယခုအချိန်တွင် စစ်မှန်သော“တံတားပြတိုက်” ဖြစ်လာပါသည်။