အဆောက်အအုံး အပျက်အစီးအောက်တွင် ၉၂ နာရီကြာ ပိတ်မိနေသည့် တူရကီ သားအမိနှစ်ယောက် ကယ်ဆယ်နိုင်ခဲ့

(GMT+08:00)2023-02-10 16:50:13  

ဒေသစံတော်ချိန် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့တွင် တူရကီနိုင်ငံ Kahramanmalash ဒေသ၌ ပြင်းအား ၇့ ၇ အဆင့်နှင့် ၇့ ၆ အဆင့် ရှိ ငလျင်နှစ်ကြိမ် လှုပ်ခတ်ခဲ့ပြီး ၉၂ နာရီ အကြာတွင် အဆောက်အအုံး အပျက်အစီးအောက်၌ ပိတ်မိ နေသည့် သားအမိ နှစ်ယောက်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

တူရကီနိုင်ငံရှိ တောင်ပိုင်းပြည်နယ်များတွင် ငလျင်ဘေးကြီးများ ဖြစ်ပွားခဲ့ပြီးနောက် တစ်ပြည်လုံးတွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ခုနှစ်ရက် သတ်မှတ်ထားကြောင်း သိရပါသည်။