ရှာဖွေကယ်ဆယ်ရေးဝန်ထမ်းများသည် နောက်ထပ် လူ ၁၂၁ ဦးကို ကယ်ဆယ်နိုင်ခဲ့

(GMT+08:00)2023-02-10 16:08:18  

 ၆ ရက်နေ့က ဆီးရီးယားနယ်စပ်ဒေသအနီးရှိ တူရကီနိုင်ငံ တောင်ပိုင်းဒေသတွင် အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် ယခုအချိန်အထိ ရွှေနာရီဟု ခေါ်ဆိုသော ဘေးအန္တရာယ်ကျရောက်ပြီး ၇၂ နာရီအချိန် ကုန်ဆုံးနေပြီဖြစ်သော်လည်း တူရကီနိုင်ငံ ဘေးသင့်ဒေသများတွင် နိုင်ငံအသီးသီးမှ ကယ်ဆယ်ရေးသမားများသည် ရှာဖွေကယ်ဆယ်ရေးကို ဆက်လက် ပြုလုပ်နေသေးသည်။

        လွန်ခဲ့သည့် ၂၄ နာရီအတွင်း အသက်ရှင် ကျန်ရစ်သူ ၁၂၁ ဦးကို အပျက်အစီများထဲမှ ထပ်မံ ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသစံတော်ချိန် ၉ ရက်နေ့ညက တူရကီ ဒုသမ္မတ အိုခ်တာအီက ပြောကြားခဲ့သည်။