တရုတ်နိုင်ငံသည် ပိုမိုဖွံ့ဖြိုးပြီး ပိုမိုတံခါးဖွင့်ရေးကို အစဉ်တစိုက် စွဲကိုင်ကျင့်သုံးသည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြား

(GMT+08:00)2023-02-10 16:49:12  

ယခုလ ၉ ရက်နေ့က ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ယနေ့ ကမ္ဘာတွင် စီးပွားရေး အန္တရာယ်များ တိုးလာနေပြီး ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ပြန့်ပွားလာနေသော်လည်း တရုတ်နိုင်ငံ အနေ နှင့် ပိုမိုဖွံ့ဖြိုးပြီး ပိုမိုတံခါးဖွင့်ရေးကို အစဉ်တစိုက် စွဲကိုင်ကျင့်သုံးကာ တံခါးဖွင့်ရေးကို တိုးချဲ့နေခဲ့ကြောင်း၊ ယမန်နှစ်က တရုတ်နိုင်ငံ ၏ နိုင်ငံခြားကုန်သွယ်မှုအတိုင်းအတာသည် စံချိန်သစ်ကို ထပ်မံတင်နိုင်ခဲ့ပြီး ကမ္ဘာပေါ်တွင် ကုန်စည်ကူးသန်းရောင်းဝယ်မှု အများဆုံးသောနိုင်ငံ ၆ နှစ် ဆက်တိုက် ဖြစ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မော်နင်က တရုတ်နိုင်ငံသည် အရည်အချင်း မြင့်မားသော တံခါးဖွင့်ရေးကို ဦးလည်မသုန် ဆက်လက်ကျင့်သုံးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။