တူရကီတွင် ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၇၆၇၄ ဦး သေဆုံးခဲ့ပြီ

(GMT+08:00)2023-02-10 16:45:20  

ဖေဖော်ဝါရီလ ၉ရက်နေ့တွင် တူရကီနိုင်ငံ ဒုသမ္မတ Oktay က ယခုအကြိမ် ပြင်းထန်သော ငလျင်လှုပ်ခတ်မှုကြောင့် တူရကီနိုင်ငံတွင် လူပေါင်း ၁၇၆၇၄ ဦး သေဆုံးပြီး ၇၂၈၇၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ လွန်ခဲ့သည့် ၂၄နာရီအတွင်း ပျက်စီးပြိုကျသော အဆောက်အအုံမှ အသက်ရှင်ကျန်ရစ်သူ ၁၂၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ မြို့များသာမက ကျေးလက်ဒေသများတွင်လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အစိုးရက အလေးထားဆောင်ရွက်လျက်ရှိနေကြောင်း ပြောကြားခဲ့ပါသည်။