တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် တူရကီတွင် ငလျင်ဒဏ်ကြောင့် ပိတ်မိနေသော တတိယမြောက်လူကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့

(GMT+08:00)2023-02-10 16:44:41  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၉ ရက် ည ၈ နာရီအချိန်တွင် တူရကီနိုင်ငံ၌ ကယ်ဆယ်ရေးဆောင်ရွက်နေသော တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် ဒေသခံ ကယ်ဆယ် ရေး အဖွဲ့နှင့်အတူ ပြိုကျခဲ့သည့် ၇ ထပ်အဆောက်အအုံတွင် ပိတ်မိနေသော အသက် ၂၀ကျော်ရှိသည့် အမျိုးသမီးတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပါသည်။ ထိုသို့ ကယ်ဆယ်နိုင်ခဲ့သည့် အချိန်သည် ငလျင်လှုပ်ခတ်မှု ဖြစ်ပြီးနောက်  နာရီ ၈၀ ကျော်သွားပြီ ဖြစ်ကြောင်း သိရသည်။