၂၀၂၃ခုနှစ် ဇန်နဝါရီလက တရုတ်နိုင်ငံ၏ CPI သည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၂.၁ရာခိုင်နှုန်း တိုးလာပြီး လွန်ခဲ့သည့် လကထက် ၀.၈ရာခိုင်နှုန်း တိုးလာ

(GMT+08:00)2023-02-10 16:05:09  

၂၀၂၃ခုနှစ် ဇန်နဝါရီလက တရုတ်နိုင်ငံ၏ CPI သည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၂.၁ရာခိုင်နှုန်း တိုးလာခဲ့ပါသည်။ ၄င်းအနက် မြို့ပြဒေသများ တွင် ၂.၁ရာခိုင်နှုန်း တိုးလာပြီး ကျေးလက်ဒေသများတွင် ၂.၁ရာခိုင်နှုန်း တိုးလာခဲ့ပါသည်။ အစားအစာဈေးနှုန်းသည် ၆.၂ရာခိုင်နှုန်း တိုးလာပြီး အခြား ကုန်ပစ္စည်းများ၏ ဈေးနှုန်းသည် ၁.၂ရာခိုင်နှုန်း တိုးလာခဲ့ပါသည်။ စားသုံးကုန် ပစ္စည်းများ၏ ဈေးနှုန်းသည် ၂.၈ရာခိုင်နှုန်း တိုးလာပြီး ဝန်ဆောင်မှုဈေးနှုန်းသည် ၁ရာခိုင်နှုန်း တိုးလာခဲ့ပါသည်။

ဇန်နဝါရီလက တရုတ်နိုင်ငံ၏ CPI သည် လွန်ခဲ့သည့်လကထက် ၀.၈ရာခိုင်နှုန်း တိုးလာခဲ့ပါသည်။ ၄င်းအနက် မြို့ပြဒေသများတွင် ၀.၈ရာခိုင်နှုန်း တိုးလာပြီး ကျေးလက်ဒေသများတွင် ၀.၅ရာခိုင်နှုန်း တိုးလာခဲ့ပါသည်။ အစားအစာ ဈေးနှုန်းသည် ၂.၈ရာခိုင်နှုန်း တိုးလာပြီး အခြားကုန်ပစ္စည်းများ၏ဈေးနှုန်းသည် ၀.၃ရာခိုင်နှုန်း တိုးလာခဲ့ပါသည်။ စားသုံးကုန်ပစ္စည်းများ၏ဈေးနှုန်းသည် ၀.၇ရာခိုင်နှုန်း တိုးလာပြီး ဝန်ဆောင်မှုဈေးနှုန်းသည် ၀.၈ရာခိုင်နှုန်း တိုး လာခဲ့ပါသည်။