တူရကီ ငလျင်ဘေးသင့်သူများသည် ရွက်ဖျင်တဲများတွင် နေထိုင်ကြရပြီး အအေးဒဏ်နှင့် ရင်ဆိုင်နေရ

(GMT+08:00)2023-02-09 13:44:46  

ဆီးရီးယားနိုင်ငံနှင့် နီးကပ်သော တူရကီနိုင်ငံ တောင်ပိုင်း နယ်စပ်ဒေသ၌ ဖေဖေါ်ဝါရီလ ၆ရက်နေ့က ငလျင်ပြင်းထန်စွာ လှုတ်ခတ်ခဲ့သောကြောင့် နှစ်နိုင်ငံပြည်သူများစွာ သေဆုံး ဒဏ်ရာရရှိခဲ့ပါသည်။ အေးလွန်းသောဆောင်းရာသီအချိန်ဖြစ်ပြီး ငလျင်ကြောင့် လမ်းများ ပျက်စီးကာ ယာဉ်ကြောပြတ်တောက်သောကြောင့် တူရကီနိုင်ငံ Malatyaပြည်နယ်ရှိ  ရွက်ဖျင်တဲတွင် နေထိုင်သူများသည် အအေးဒဏ်နှင့် ငတ်မွတ်မှုကို ရင်ဆိုင်နေရပါသည်။