ပီရူးနိုင်ငံတွင် ပင်လယ်ခြင်္သေ့ ၅၀၀ ကျော်နှင့် ငှက် ၅၅၀၀၀ နီးပါး ကြက်ငှက်တုပ်ကွေးကြောင့် သေဆုံး

(GMT+08:00)2023-02-09 14:02:13  

ဇန်နဝါရီလ ၂၅ရက်နေ့တွင် ပီရူးနိုင်ငံ Paracas အမျိုးသား သဘာဝ ထိန်းသိမ်း ကာကွယ် ရေးဇုန်မှ သိပ္ပံပညာရှင်များသည် သေဆုံးသွားသည့် ပင်လယ်ခြင်္သေ့ များကို စစ်ဆေး နေသည့်တစ်ချိန်တည်းတွင် Ica ဒေသရှိ  ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနိုင်သည့် ငှက်များနှင့် ပင်လယ်ခြင်္သေ့များကို စောင့်ကြည့်နေကြပါသည်။ ၂၀၂၂ ခုနှစ် နိုဝင် ဘာလ တွင် အမျိုးသားအရေးပေါ်အခြေအနေကို ကြေညာပြီးကတည်းက ပီရှုးနိုင်ငံ တစ်ဝှမ်း ရှိ သဘာဝ ထိန်းသိမ်းကာကွယ်ရေးဇုန်များတွင် အနည်းဆုံး ပင်လယ် ခြင်္သေ့ ၅၈၅ ကောင် နှင့် ငှက် ၅၅၀၀၀ ကျော်သည် ကြက်ငှက် တုပ်ကွေး ရောဂါကြောင့် သေဆုံး ခဲ့ပါသည်။