နိုင်ငံတွင်းရှိ အရင်းအမြစ်အားလုံးကို ငလျင်ကယ်ဆယ်ရေးအတွက် အသုံးပြုနေပြီဟု တူရကီသမ္မတဆို

(GMT+08:00)2023-02-09 13:55:55  

ဒေသစံတော်ချိန်ဖေဖော်ဝါရီလ ၈ ရက်နေ့က တူရကီသမ္မတ Erdogan သည် ငလျင်ဘေးသင့်ဒေသ Kahramanmaras ပြည်နယ်သို့ သွားရောက်ပြီး ဘေးအန္တရာယ် အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊သမ္မတ Erdoganက တစ်နိုင်ငံလုံးရှိ အရင်းအမြစ်အားလုံးကို  စုဆောင်းခဲ့ပြီး ကယ်ဆယ်ရေးအတွက် စည်းလုံးညီညွတ်စွာလုပ်ဆောင်ရန် ပန်ကြားခဲ့ ကြောင်း သိရပါသည်။

Erdoganက ၆ ရက်နေ့က ငလျင်လှုပ်ခတ်ပြီးနောက် တူရကီနိုင်ငံအနေနဲ့ ဌာနအားလုံးကို ဆောင်ရွက်ရန် စည်းရုံးခဲ့ပြီး ဘေးသင့်ပြည်သူပြည်သားများကို ကယ်ဆယ်ရန် အရင်းအမြစ်အားလုံးကို အသုံးပြုခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် ဘေးသင့်သူများကို သတ်မှတ်ထားသော ဟိုတယ်များတွင် ထားရှိပေးမည်ဖြစ်ပြီး ဘေးသင့်သူများအနေဖြင့်  စိုးရိမ်မှုတွေ မထားကြဖို့   မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။