ဆီးရီးယားနိုင်ငံ၏ ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး

(GMT+08:00)2023-02-09 14:01:27  

ဆီးရီးယားနယ်စပ်အနီးရှိ တူရကီနိုင်ငံ တောင်ပိုင်းဒေသတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့သောကြောင့် တူရကီနှင့် ဆီးရီးယား နှစ်နိုင်ငံစလုံးတွင် လူပေါင်းများစွာ အသက်ဆုံးရှုံးပြီး ဒဏ်ရာရရှိသူများလည်း အများအပြားရှိပါသည်။ ဆီးရီးယားပြည်သူများနှင့် ကယ်ဆယ်ရေးအဖွဲ့အစည်းများသည် နိုင်ငံတကာ ကယ်ဆယ် ရေးကို အဆင်ပြေအောင် ဆောင်ရွက်နိုင်ရန် ဆီးရီးယားအပေါ် ပိတ်ဆို့ အရေးယူမှုများကို အမြန်ဆုံး ရုပ်သိမ်းပေးရန် အနောက်နိုင်ငံများကို ပန်ကြားခဲ့ပါသည်။