ကွမ်ရှီး ယွမ်ဆွေခရိုင် မြောင်လူမျိုးရွာတွင် နှစ်သစ်ကူး မြင်းတိုက်ပွဲကို ကျင်းပ

(GMT+08:00)2023-02-09 14:09:31  

    ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကွမ်ရှီး လျူကျိုးမြို့ ယွမ်ဆွေမြောင် လူမျိုး ကိုယ်ပိုင် အုပ်ချုပ်ရေးခရိုင်တွင် ရိုးရာမြင်းတိုက်ပွဲကို ကျင်းပခဲ့သည်။ မြင်းတိုက်ပွဲသည် မြောင်လူမျိုးရွာ များတွင် သက်တမ်းနှစ်ပေါင်း၅၀၀ကျော်ရှိပြီး  အရင်တုန်းက မြောင်လူမျိုးများက လက်ထပ် ထိမ်းမြားခြင်းကို စီရင်ဆုံးဖြတ်ရန်အတွက် ထားရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိ အချိန်တွင် မြောင်ရွာများ၏ ရိုးရာယဉ်ကျေးမှု လှုပ်ရှားမှုတစ်ခုအဖြစ် ပြောင်းလဲ လာသည် ဟု China Media Groupမှ သတင်းအရသိရပါသည်။