မောင်းသူမဲ့လေယာဉ်ဖြင့် တူရကီငလျင်ဘေးသင့်ဒေသကို ကြည့်ရှု

(GMT+08:00)2023-02-09 13:45:50  

ဆီးရီးယားနိုင်ငံနှင့် နီးကပ်သော တူရကီနိုင်ငံ တောင်ပိုင်း နယ်စပ်ဒေသ၌ ဖေဖေါ်ဝါရီလ ၆ရက်နေ့က ငလျင်ပြင်းထန်စွာလှုတ်ခတ်ခဲ့သောကြောင့် တူရကီနိုင်ငံတွင် လူ(၅၄၃၄)ဦး သေဆုံးပြီး (၃၁၇၇၇)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၇ရက်နေ့ညက တူရကီနိုင်ငံ ဘေး အန္တရာယ် နှင့် အရေးပေါ် စီမံခန့်ခွဲရေးရုံးမှ  ထုတ်ပြန်ခဲ့ပါသည်။

Kahramanmaras မြို့သည် ငလျင်ဘေးသင့် Kahramanmarasပြည်နယ်၏ မြို့တော်ဖြစ်ပြီး ငလျင်လှုတ်ခတ်မှုကြောင့် ပျက်စီးမှု အပြင်းထန်ဆုံးသောမြို့များတွင် တစ်မြို့ အပါအဝင်ဖြစ်ပါသည်။