ကုလသမဂ္ဂ ဒုအတွင်းရေးမှူးချုပ်သည် တူရကီ ငလျင်ဘေးသင့်ဒေသသို့ သွားရောက်

(GMT+08:00)2023-02-09 14:08:47  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ဒုအတွင်းရေးမှူးချုပ် ၊ လူသားချင်း စာနာထောက်ထားမှု ရေးရာ ညှိနှိုင်းရေးရုံး၏ အရေးပေါ်ကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေး ညှိနှိုင်းရေး အရာရှိ Martin Griffiths သည် တူရကီနိုင်ငံရှိ ငလျင်ဘေးသင့်ဒေသသို့ သွားရောက်ခဲ့ကြောင်း၊ ကုလသမဂ္ဂက ရှာဖွေကယ်ဆယ်ရေး ကျွမ်းကျင်သူနဲ့ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ အဖွဲ့ဝင် ၄၉၄၈ ဦး ကျော်ကို ခန့်အပ်စေလွှတ်ခဲ့ပြီဟု Griffith က လူမှုကွန်ရက်တွင် ဖေါ်ပြထားကြောင်း China Media Groupမှ သတင်းအရသိရပါသည်။

ကုလသမဂ္ဂ ဗဟို အရေးပေါ်တုံ့ပြန်ရေးရန်ပုံငွေအဖွဲ့က လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ တုံ့ပြန်ဆောက်ရွက်မှုကို ကြေညာခဲ့ရာ တူရကီနှင့် ဆီးရီးယား ငလျင်ဘေးသင့်ဒေသများသို့ လူသားချင်းစာနာထောက်ထားရေး ထောက်ပံ့ကူညီမှု အမေရိကန်ဒေါ်လာ ၂၅ သန်း ပေးမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။