တရုတ်နိုင်ငံ၏ ပထမဆုံး မိမိဘာသာသုတေသနပြု ထုတ်လုပ်သည့် အကြီးစား ကုန်းရေနှစ်မျိုးသုံး လေယာဉ်ပျံ AG600M သည် မော်ဒယ် အရည်အသွေး ပြည့်မီကြောင်း လက်မှတ်ရယူဖို့ စမ်းသပ်ပျံသန်းသည့် အဆင့်သို့ ရောက်ရှိ

(GMT+08:00)2023-02-09 10:51:13  

   မကြာမီက တရုတ်နိုင်ငံ၏ ပထမဆုံး မိမိဘာသာ သုတေသနပြု ထုတ်လုပ်သည့် အကြီးစား ကုန်းရေနှစ်မျိုးသုံး လေယာဉ်ပျံ AG600M နှစ်စင်းသည် ကျူးဟိုင်နှင့် ယီချမ်းမြို့မှ ရှီးအန်းမြို့သို့ ရွှေ့ပြောင်းခဲ့ပြီး မော်ဒယ် အရည်အသွေး ပြည့်မီကြောင်း လက်မှတ်ရယူဖို့ စမ်းသပ်ပျံသန်းသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

   လေယာဉ်ပျံ AG600M သည် AG600 ၏ အဆင့်မြှင့်တင် လေယာဉ်ပျံမျိုး ဖြစ်ပြီး အကြီးမားဆုံးစတင်ပျံသန်းနိုင်သည့် အလေးချိန်(Maximum Take-Off Weight)က  တန် ၆၀ ဖြစ်ကာ အများဆုံး ရေသယ်ဆောင်နိုင်သည့် ပမာဏသည် ၁၂ တန်ဖြစ်ပါသည်။