ငလျင်ဘေးကြီး ဖြစ်ပွားချိန်မှာ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေ ရပ်သင့်ပြီ

(GMT+08:00)2023-02-09 10:53:13  

ဆီးရီးယား ကျန်းမာရေး ဝန်ကြီးဌာနမှ စာရင်းအရ ဒီလ ၆ ရက်နေ့မှာ တူရကီနဲ့ နယ်နိမိတ်ချင်း ဆက်စပ် နေတဲ့ ဆီးရီးယား ပြည်တွင်းမှာ အားပြင်းတဲ့ငလျင် နှစ်ကြိမ် လှုပ်ခတ်ခဲ့ရာ ဆီးရီးယား အစိုးရက ထိန်းချုပ်တဲ့ ဇုန်နယ်များမှာ လူ ၁၂၅၀ ဦး သေဆုံးပြီး ၂၀၅၄ ဦး ဒဏ်ရာရရှိကာ သေကျေဒဏ်ရာရရှိသူဦးရေ ဆက်လက် တိုးနိုင်မယ်လို့ သိရပါတယ်။

ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန် အပါအဝင် အနောက်နိုင်ငံများမှ ကြာရှည်တဲ့ အရေးယူပိတ်ဆို့မှု ခံရတာကြောင့် ဆီးရီးယားပြည်တွင်းမှာ ကယ်ဆယ်ရေး စက်ကိရိယာများ ချို့တဲ့ပြီး တစ်ချို့နေရာမှာ ပြည်သူလူထုတွေက လက်နှစ်ဖက်နဲ့ပဲ အဆောက်အအုံး အပျက်အစီးအောက်မှာ ကယ်ဆယ်မှု ပြုလုပ်ရတယ်လို့ ဖေါ်ပြခဲ့တယ်။

အဲဒီလို အရေးပေါ် အခြေအနေကို ရင်ဆိုင်လျက် ဆီးရီးယား လခြမ်းနီအသင်းနဲ့ အမေရိကန်-အာရပ် လူမျိုးချင်းခွဲခြား အထင်သေးမှု ဆန့်ကျင်ရေး ကော်မတီ စတဲ့ အဖွဲ့အစည်းတွေက အမေရိကန် အနေနဲ့ ဆီးရီးယားအပေါ် တစ်ဖက်သတ် ရေးယူပိတ်ဆို့မှုကို အမြန်ဆုံး ဖျက်သိမ်းဖို့၊ ဒေသခံ လူသားချင်း စာနာထောက်ထားမှု အခြေအနေ ဆက်လက် မဆိုးရွားအောင် ဆောင်ရွက်ဖို့ အသီးသီး ပန်ကြားခဲ့ကြပါတယ်။ ဒါပေမယ့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘရိုက်စ်က ဒေသခံ လူသားချင်း စာနာထောက်ထားရေး မိတ်ဖက်က တစ်ဆင့်သာ ထောက်ပံ့ကူညီမှု ပေးမှာ ဖြစ်ပြီး အမေရိကန်က ဆီးရီးယား အာဆပ် အစိုးရနဲ့ ထိတွေ့ဆက်ဆံဖို့ ငြင်းပယ်တယ်လို့ ရှင်းလင်းပြတ်သားစွာ ပြောခဲ့တယ်။

ယခုရက်များအတွင်း တရုတ်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံနဲ့ဒေသ တော်တော် များများက တူရကီနဲ့ ဆီးရီးယား နှစ်နိုင်ငံအား ထောက်ပံ့ကူညီ ကယ်ဆယ်မှုများကို အသီးသီး ပံ့ပိုးပေးခဲ့ကြတယ်။ နိုင်ငံတကာ မိသားစုကြီးရဲ့ နွေးထွေးတဲ့ ထောက်ပံ့ကူညီခြင်းနဲ့ နှိုင်းစာရင် အမေရိကန်ရဲ့ လုပ်ရပ်ဟာ လွန်စွာ သွေးအေးတယ်လို့ လူအများက ခံစား သုံးသပ်နေကြပါတယ်။

ငလျင်ဘေးကြီး ဖြစ်ပွားချိန်မှာ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေ ရပ်သင့်ပြီလို့ China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။