ဘိုင်ဒင်၏ နိုင်ငံတော်အခြေအနေ အစီရင်ခံစာ ဟောပြောမှုကို တီဗီဖြင့် ကြည့်ရှုမှုနှုန်း ကျဆင်း

(GMT+08:00)2023-02-09 13:36:32  

        ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၇ ရက်နေ့က အမေရိကန်သမ္မတ ဘိုင်ဒင်၏ နိုင်ငံတော်အခြေအနေ အစီရင်ခံစာ ဟောပြောမှုကို ကြည့်ရှုသူ သန်းပေါင်း ၃၀ ခန့်သာ ရှိခဲ့ကြောင်း နယ်ဆန် မီဒီယာ သုတေသန ကုမ္ပဏီမှ အချက်အလက်များအရ သိရသည်ဟု အမေရိကန် The Hill သတင်းစာမှ ၈ ရက်နေ့က ကြေညာခဲ့သည်။ ယမန်နှစ်က ကြည့်ရှုသူ ၃၈ သန်းနှင့် နှိုင်းယှဉ်ပါက ယခုအချိန် ကြည့်ရှုသူ ဦးရေ သိသိသာသာ ကျဆင်း လာကြောင်း၊ ၂၀၁၈ခုနှစ် သမ္မတဟောင်း ထရန့် ပထမဆုံးအကြိမ် ဟောပြောခဲ့ရာ ကြည့်ရှုသူ ၄၅.၆ သန်း နှင့် နှိုင်းယှဉ်ပါက ယခုအချိန် တစ်ဝက်ခန့် လျော့နည်းလာကြောင်း သတင်းအရ သိရပါသည်။