"mang gao"ပွဲနှင့် နှစ်သစ်ကူးကို နွှဲပျော်

(GMT+08:00)2023-02-09 13:56:44  

ဖေဖော်ဝါရီလ ၇ ရက်နေ့က "mang gao"ပွဲတော်ကို တရုတ်ကွမ်ရှီး လျူကျိုးမြို့ ယုန်ရွှေမြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးခရိုင် အန်းချွေကျေးရွာတွင် ကျင်းပခဲ့သည်။ ဒေသခံ မြောင်လူမျိုးများသည် သစ်သားဖြင့် ပြုလုပ်ထားသောမျက်နှာဖုံးကို တပ်ပြီး ကိုယ်ပေါ်တွင် Miscanthus မြက်ပင်နှင့်စပါးပင်ကို ချိတ်ကာ ခြေလက်ပေါ်တွင်လည်း အိုးငွေ့ကို လိမ်းထားပြီး ကျန်းမာစေရန်နှင့် ရာသီဥတုကောင်းမွန်စေရန် ဆုတောင်းခဲ့ကြသည်။"mang gao"ဆိုသည်မှာ မြောင် လူမျိုးများ ကိုးကွယ်ကြသော တောင်နတ်ဖြစ်ပြီး၊ တောင်နတ်ကို ကိုးကွယ်ခြင်း ဖြင့် အောင်မြင်မှုတွေ ရရှိခြင်း၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး  ချမ်းမြေ့ သာယာ ခြင်း၊ကျန်းမာရေးကောင်းခြင်းနှင့်အသက်ရှည်ခြင်းတို့ကို ပေးစွမ်းကြောင်း မြောင်လူမျိုးများက ယုံကြည် ကြသည်။  နှစ်စဉ်နှစ်သစ်ကူးကာလတွင် မြောင်လူမျိုးက လူငယ် အမျိုးသားများသည်  "mang gao"အဖြစ် သရုပ် ဆောင်ကြပြီး ပြည်သူများအတွက် နှစ်သစ်ကူး ဆုတောင်းခြင်းကို တောင်းပေး လေ့ရှိသည်။