တူရကီငလျင်ကြောင့် လူ ၅၈၉၄ ဦး သေဆုံး

(GMT+08:00)2023-02-08 15:31:25  

တူရကီ မီဒီယာမှ ဒေသစံတော်ချိန် ဖေဖေါ်ဝါရီလ ၈ ရက်နေ့က ထုတ်ပြန်သော သတင်းအရ တူရကီ ဒုသမ္မတ Oktayက တူရကီနိုင်ငံ၌ အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၅၈၉၄ ဦး သေဆုံးပြီး ၃၄၈၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြား ခဲ့သည်ဟု  China Media Groupမှ သတင်းအရသိရပါသည်။

Oktayက လက်ရှိအချိန်အထိ လူပေါင်း ၈၀၀၀ ခန့်ကို ကယ်ဆယ် နိုင်ခဲ့ကြောင်း၊  အစိုးရက လေဆိပ်အားလုံးကို ကယ်ဆယ်ရေးအတွက် စတင်အသုံးပြုပြီ ဖြစ်ကြောင်း၊ ယခု လူပေါင်း ၁ သန်းဆံ့ နိုင်သော ကယ်ဆယ်ရေးစခန်းများကို ဆောက်လုပ် ပေးထားကာ ရွက်ဖျင်တဲစခန်းများ ကိုလည်း တည်ဆောက်လျက်ရှိကြောင်း ပြောကြားပါသည်။