ချီလီတောမီးကြောင့် သေဆုံးသူ ၂၇ ဦးအထိ မြင့်တက်

(GMT+08:00)2023-02-08 15:31:59  

ချီလီ အမျိုးသား သဘာဝဘေး ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးဦးစီးဌာနမှ ဖေဖေါ်ဝါရီလ ၆ ရက်နေ့ ညက ထုတ်ပြန်ခဲ့သောစာရင်းဇယားအရ ချီလီအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် တောမီးလောင်ကျွမ်းမှုကြောင့် လူ ၂၇ ဦးသေဆုံးကာ ၁၂၅၀ဦး ဒဏ်ရာရရှိပြီး လူနေအိမ်အဆောက်အအုံ ၁၁၅၉ လုံး ပျက်စီးခဲ့ကြောင်း၊ ဒေသစံတော်ချိန် ၆ရက်နေ့ ညအထိ မီးလောင်ကျွမ်းမှု စုစုပေါင်း အကြိမ်ရေ ၂၈၀  ဖြစ်ပွားခဲ့ပြီး ၁၆၂ ကြိမ်ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။