တရုတ်နိုင်ငံ Blue Sky Rescue အဖွဲ့သည် တူရကီ ငလျင်ဘေးသင့်ဒေသသို့ သွားရောက်

(GMT+08:00)2023-02-08 15:30:09  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၆ ရက်နေ့က တူရကီနှင့် ဆီးရီးယားနိုင်ငံတွင် အင်အားပြင်း ငလျင်လှုတ်ခတ်ခဲ့ပြီး ၇ ရက်နေ့တွင် တရုတ် ကယ်ဆယ်ရေးအဖွဲ့သည် ငလျင်ဘေးသင့် ဒေသသို့ ထွက်ခွာသွားကြပါသည်။ ထို့အပြင် တရုတ် ကျဲ့ကျန်းပြည်နယ်၊ ကျန်းရှီးပြည်နယ်နှင့် ချုံချင့်မြို့မှ Blue Sky Rescue အဖွဲ့ဝင်များသည်လည်း ငလျင်ဘေးသင့်ဒေသသို့ ထွက်ခွာသွားကြကြောင်း Blue Sky Rescue အဖွဲ့မှ သတင်းအရ သိရပါသည်။