တရုတ်နိုင်ငံမှ ပြည်ပသို့ အဖွဲ့လိုက် ခရီးသွားလာရေးကို ပြန်လည်စတင်ခဲ့ပြီး စင်ကာပူနိုင်ငံသည် ပထမ အသုတ် တရုတ်ခရီးသွားအဖွဲ့ကို ကြိုဆို

(GMT+08:00)2023-02-08 15:30:49  

        ဖေဖော်ဝါရီလ ၆ ရက်နေ့မှစပြီး ခရီးသွားအေဂျင်စီများနှင့် အွန်လိုင်း ခရီးသွား လုပ်ငန်း ကုမ္ပဏီများသည် နိုင်ငံပေါင်း ၂၀ သို့ အဖွဲ့လိုက် ခရီးသွားလာရေးနှင့် လေယာဉ်လက်မှတ်၊ ဟိုတယ် ကြိုတင်မှာယူမှုများကို ပြန်လည် စမ်းသပ်ပြုလုပ်ခဲ့ပြီး ၃ နှစ်ကြာ ယာယီရပ်ဆိုင်းထားသော ပြည်ပသို့ အဖွဲ့လိုက် ခရီးသွားလာရေးကို ပြန်လည် စတင်ခဲ့သည်။ ၇ ရက်နေ့တွင် စင်ကာပူနိုင်ငံသည် ပထမအသုတ် တရုတ် ခရီးသွားအဖွဲ့ကို ကြိုဆိုခဲ့ကြောင်း သတင်းအရ သိရပါသည်။