ဂျာမနီ ပြည်ထောင်စု လုံခြုံရေး ကော်မတီသည် ယူကရိန်းအား Leopard 1 Main battle tank
၁၇၈စီးကို တင်ပို့ရန် ခွင့်ပြုခဲ့ပြီ ဖြစ်ကြောင်း ဂျာမနီ မီဒီယာက ယခုလ ၇ရက်နေ့က ထုတ်ဖော် ပြောကြားခဲ့ ပါသည်။ အခြေအနေပေးလျှင် ယင်းတင့်ကားများ၏ ပထမအသုတ်ကို အစောဆုံး ယခုနှစ် နွေရာသီတွင် ယူကရိန်းအား လွှဲပြောင်းပေးအပ်မည် ဖြစ်ကြောင်း၊ သို့သော် တင့်ကားများ၏ အများစုကို ၂၀၂၄ ခုနှစ်ရောက်မှ လွှဲပြောင်းပေးအပ်နိုင်မည် ဖြစ်ကြောင်း သိရပါသည်။