ဒေသစံတော်ချိန် ယခုလ ၇ရက်နေ့က ရိုက်တာ သတင်းဌာန၏ စစ်တမ်းကောက်ယူမှု အရ အမေရိကန် သမ္မတ ဘိုင်ဒင် နိုင်ငံတော် အခြေအနေ အစီရင်ခံစာ မတင်ပြခင် ၎င်း၏ ပြည်သူ့ ထောက်ခံမှုနှုန်းမှာ ၄၁ရာခိုင်နှုန်း ရှိသည်ဟု သိရပါသည်။
ထို့အပြင် အမေရိကန် တစ်ပြည်လုံးတွင် ပြုလုပ်ခဲ့သော ၄င်းစစ်တမ်းကောက်ယူမှု၏ ရလဒ် အရ အမေရိကန် ပြည်သူ ၆၅ရာခိုင်နှုန်းက အမေရိကန်သည် မှားယွင်းသော လမ်းကြောင်းသို့ လျှောက်လှမ်းနေသည်ဟု ယူဆကြကြောင်း၊ ၅၅ရာခိုင်နှုန်းက ကြွေးမြီ ကန့်သတ်မှု တိုးမြှင့်ရန် ဆန့်ကျင်ကြကြောင်း သိရပါသည်။