ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ညီလာခံ၏ ရည်မှန်းချက်အကြောင်းအရာ နှီးနှောဖလှယ်ပွဲတွင် မိန့်ခွန်း ပြောကြား

(GMT+08:00)2023-02-08 11:29:00  

   ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်နှင့် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ၏ ရည်မှန်းချက် အကြောင်းအရာများ လေ့လာသင်ယူ ဖေါ်ဆောင်ရေးဆိုင်ရာ တရုတ်ကွန်မြူနစ် ပါတီဗဟိုကော်မတီ ကော်မတီဝင်အသစ်များ၊ ကော်မတီဝင်လောင်းများနှင့် ပြည်နယ်အဆင့်၊ ဝန်ကြီးအဆင့် အဓိက ကေဒါ ခေါင်းဆောင် များ နှီးနှောဖလှယ်ပွဲ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယခုလ ၇ ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပါတီသင်တန်းကျောင်း၌  ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားတွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က  မိန့်ခွန်းပြောကြားရာ တရုတ်အသွင်ပုံစံ ခေတ်မီရေးကို မှန်ကန်စွာ နားလည်ပြီး ထိရောက်စွာ တွန်းအားပေးရ မည်ဟု ပြောကြားခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က တရုတ်အသွင်ပုံစံ ခေတ်မီရေးသည် နိုင်ငံအသီးသီးတို့၏ ခေတ်မီရေး ဆိုင်ရာ ဘုံထူးခြားချက်ဝိသေသ ပါရှိသည့်အပြင် ကိုယ့်နိုင်ငံ၏ လက်တွေ့အခြေအနေ အပေါ် မူတည်ထားသော ထင်ရှားသည့် ထူးခြားချက်ဝိသေလည်း ပါရှိကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ၏ အစီရင်ခံစာတွင် တရုတ်အသွင်ပုံစံ ခေတ်မီရေးသည် လူဦးရေ အတိုင်းအတာ အလွန် များပြားသည့် ခေတ်မီရေး၊ ပြည်သူတစ်ရပ်လုံး အတူ ချမ်းသာစွာ ခေတ်မီရေး၊ ရုပ်ပိုင်း ယဉ်ကျေးမှုနှင့် စိတ်ပိုင်းယဉ်ကျေးမှု ညီညွတ်စွာ ခေတ်မီရေး၊ လူနှင့် သဘာဝ သင့်မြတ်ဖော်ရွေစွာ အတူယှဉ်တွဲနေထိုင်ရာတွင် ခေတ်မီရေးနှင့် ငြိမ်းချမ်းသော ဖွံ့ဖြိုး တိုးတက်ရေး လမ်းကြောင်း လျှောက်လှမ်းသည့် ခေတ်မီရေး ဖြစ်ခြင်းကို ပေါင်းစည်း ဖော်ပြ၍ တရုတ်အသွင်ပုံစံ ခေတ်မီရေး၏ သိပံ္ပပညာ အနက်သဘောကို နက်ရှိုင်းစွာ ဖော်ပြထားကြောင်း ပြောကြားပါသည်။