တရုတ်နိုင်ငံ၏ အဖွဲ့လိုက် ပြည်ပခရီးသွားလုပ်ငန်းကို ပြန်လည် စမ်းသပ် ဆောင်ရွက်ခြင်း အပေါ် နိုင်ငံများစွာတို့က မျှောလင့်ချက်ထား

(GMT+08:00)2023-02-08 15:24:49  

ဖေဖော်ဝါရီလ ၆ရက်နေ့မှစပြီး တရုတ်နိုင်ငံ၏ အဖွဲ့လိုက် ပြည်ပခရီးသွားလုပ်ငန်းကို ပြန်လည်စမ်းသပ်ဆောင်ရွက်ခဲ့ပါသည်။ ယင်းနှင့်ပတ်သက်ပြီး နိုင်ငံများစွာ၏ ခရီးသွားဌာနများက မျှော်လင့်ချက်ထားပြီး ယင်းသည် ၄င်းတို့နိုင်ငံများ၏ ခရီးသွား လုပ်ငန်းအတွက် အားကောင်းသော တွန်းအားများကို တည့်သွင်း ပေးနိုင်လိမ့်မည်ဟု ယုံကြည်နေကြပါသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် သည် ဖေဖော်ဝါရီလ ၇ ရက်နေ့က ကျင်းပသော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်နိုင်ငံမှ ပြည်ပခရီးသွားအဖွဲ့ ပထမဆုံးအသုတ်သည် လွန်ခဲ့သည့်နေ့တွင် ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ စင်္ကာပူ၊ အီဂျစ်၊ အာရပ်စော်ဘွားများနိုင်ငံ စသည့် နိုင်ငံများသို့ ရောက်ရှိနေကြပြီး ၄င်းနိုင်ငံများကလည်း  တရုတ်ခရီးသွားများကို လှိုက်လှိုက်လှဲလှဲ ကြိုဆို ခဲ့ကြကြောင်း၊ မိမိတို့အနေနှင့် သက်ဆိုင်ရာနိုင်ငံများသည် တရုတ်ခရီးသွားများအတွက် ဘေးကင်းပြီး အဆင်ပြေသည့် ပတ်ဝန်းကျင်နှင့် အခြေအနေများကို ဖန်တီးပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

မော်နင်က တရုတ်နိုင်ငံ၏ အဖွဲ့လိုက် ပြည်ပခရီးသွားလုပ်ငန်း ပြန်လည်စတင်ဆောင်ရွက်ခြင်းသည် ကမ္ဘာ့ခရီးသွားလုပ်ငန်းကို ပြန်လည်ရှင်သန် စေမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ အလွန်ကာလမှစ၍ ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူရေး အတွက် တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။