တရုတ်အသွင်ပုံစံ ခေတ်မီရေးကို မှန်ကန်စွာ နားလည်ပြီး ထိရောက်စွာ တွန်းအား ပေးရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2023-02-08 15:27:16  

ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်နှင့် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စား လှယ်များညီလာခံ၏ ရည်မှန်းချက် အကြောင်းအရာများ လေ့လာသင်ယူ ဖော်ဆောင် ရေးဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ကော်မတီဝင်အသစ်များ၊ ကော်မတီ ဝင်လောင်းများနှင့် ပြည်နယ်အဆင့်၊ ဝန်ကြီးအဆင့် အဓိက ကေဒါ ခေါင်းဆောင်များ နှီးနှောဖလှယ်ပွဲ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယခုလ ၇ ရက်နေ့က ဘေကျင်းမြို့၌ ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်က မိန့်ခွန်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က တရုတ်အသွင်ပုံစံ ခေတ်မီရေးသည် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ၏ သဘောတရားဆိုင်ရာ အရေးကြီး ဆန်းသစ်ခြင်း၊ သိပံ္ပနည်းကျသော ဆိုရှယ်လစ်ဝါဒ၏ အရေးကြီး အောင်မြင်မှု ရလဒ်သစ်နှင့် တရုတ်ကွန်မြူနစ်ပါတီက တစ်ပြည်လုံး တိုင်းရင်းသား ပေါင်းစုံမှ ပြည်သူများကို ဦးဆောင်ပြီး ရေရှည် စူးစမ်းလေ့လာခြင်းနှင့် လက်တွေ့ဆောင်ရွက်ခြင်း၌ အခက်အခဲ အမျိုးမျိုးကို ဖြတ်ကျော်ပြီး ကြီးမားသော ပေးဆပ်မှုများ စိုက်ထုတ် ပြီးနောက် ရရှိသည့် အရေးကြီး အောင်မြင်မှုရလဒ် ဖြစ်ကြောင်း၊ ယင်းကို လွန်စွာ တန်ဖိုး ထားပြီး အစဉ်တစိုက် စွဲကိုင်ကာ ပိုမို နက်ရှိုင်းလာအောင် ဆက်တိုက် အားဖြည့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။