တရုတ်ကယ်ဆယ်ရေးအဖွဲ့ တူရကီသို့ သွားရောက်

(GMT+08:00)2023-02-08 15:26:24  

တူရကီအစိုးရ၏ တောင်းဆိုချက်အရ တရုတ်နိုင်ငံအစိုးရသည် နိုင်ငံတကာ ကယ်ဆယ်ရေးကို ဆောင်ရွက်ရန် တရုတ်ကယ်ဆယ်ရေးအဖွဲ့ကို တူရကီနိုင်ငံသို့ စေလွှတ်ခဲ့ပါသည်။ ဘေကျင်း စံတော်ချိန် ဖေဖော်ဝါရီလ ၇ရက်နေ့ ညနေ ၄နာရီခန့်တွင် တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် ဘေကျင်းမြို့တော် လေဆိပ်တွင် စုဝေးပြီး စင်းလုံးငှားလေယာဉ်ဖြင့် ဘေးသင့်ဒေသသို့ ပျံသန်းခဲ့ပါသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့က တူရကီနိုင်ငံတွင် ရစ်ခ်ျတာစကေး ၇.၈ အဆင့်ရှိ မြေငလျင် နှစ်ကြိမ် ဆက်တိုက် လှုပ်ခတ်ခဲ့မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးပြီး ဒဏ်ရာရရှိသူများလည်း များပြားကာ ပစ္စည်းဥစ္စာ ဆုံးရှုံးမှုများလည်း ဖြစ်ခဲ့ပါသည်။ တရုတ်နိုင်ငံ အရေးပေါ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနသည် တရုတ်ကယ်ဆယ်ရေးအဖွဲ့ဝင် ၈၂ ဦးအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများဖြင့် ဘေးသင့်ဒေသသို့ စေလွှတ်ခဲ့ပါသည်။