"တရုတ်-လာအို-ထိုင်း" အသွားအပြန် ပို့ဆောင်ရေး ရထားများ ပွဲဦးထွက်

(GMT+08:00)2023-02-08 11:48:50  

 ဖေဖော်ဝါရီလ ၇ ရက်နေ့က အအေးကွင်းဆက်ကွန်တိန်နာ ၁၉ လုံးနှင့် ဟင်းသီးဟင်းရွက် ၂၈၆ တန်ကို တင်ဆောင်ထားသော တရုတ်-လာအို မီးရထား "Lanchang-Mekong Express" အပြည်ပြည်ဆိုင်ရာ ကုန်တင်ရထားတစ်စီးသည် ကူမင်းမြို့ဝမ်ကျားယင် ဘူတာရုံမှ ထွက်ခွာခဲ့ပြီး ၅၅ နာရီအကြာတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိမည်ဟု ခန့်မှန်းရကြောင်း၊ ယင်းသည် "တရုတ်-လာအို-ထိုင်း" အသွားအပြန် ပို့ဆောင်ရေး ရထားများ ပထမဆုံး အကြိမ် အောင်မြင်စွာ မောင်းနှင်နိုင်ခြင်းကို ပြသထားကြောင်း၊ ပိုမို ထိရောက်ပြီး တည်ငြိမ်အေးချမ်းသော အအေးကွင်းဆက် ပို့ဆောင်ရေးလမ်းကြောင်းသစ်ကို တည်ဆောက်ထားခြင်းဖြစ်ပြီး တရုတ်-အာဆီယံနိုင်ငံများအကြား စီးပွားကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးအတွက် တွန်းအားသစ် ထည့်သွင်းထားကြောင်း China Railway ကူမင်း မီးရထား ဗျူရိုမှ သတင်းအရ သိရပါသည်။